ကျွန်ုပ်တို့နှင့် လက်တွဲလိုက်ပါ။
foodpanda အကြောင်း
foodpanda သည်ကမ္ဘာတစ်၀န်းဦးဆောင်နေသည့် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။လက်ရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ၀န်ဆောင်မှုပေးလျက်ရှိပြီးယခုမြန်မာနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့သားများ နဲ့ rider များအားလုံး၏ကြိုးစားအားထုတ်မှုအင်အားများမှတဆင့် အစားအသောက်ချစ်သူများကိုကျွန်ုပ်တို့၏အကောင်းဆုံး မိတ်ဖက်စားသောက်ဆိုင်များနှင့် ချိတ်ဆက်ပေးလျက်ရှိပါတယ်။ ကမ္ဘာတစ်၀န်းအစားအသောက် ပို့ဆောင်ရေးကို ရှုမြင်သည့် အမြင်နှင့် အတွေ့အကြုံ များကိုလည်း ပြောင်းလဲပေးလျက်ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ စားသုံးသူတွေက အစားအသောက်ကောင်းတွေကိုနှစ်သက်ကြပါတယ်။
လူကြီးမင်းက အစားအသောက်ကို ပြင်ဆင်ပါ။
ကျွန်ုပ်တို့က ပို့ဆောင်ပေးပါမယ်။
၀င်ငွေပိုမိုရရှိခြင်း
Foodpanda နှင့်လက်တွဲလုပ်ဆောင်ခြင်းအားဖြင့်၀င်ငွေတွေပိုမိုရရှိလာမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စားသုံးသူတွေက မြို့ပေါ်မှာရှိတဲ့ခေတ်အမီဆုံးစားသောက်ဆိုင်တွေကို အမြဲရှာဖွေလျက်ရှိပါတယ်။
ပံ့ပိုးကူညီမှုအပြည့်အ၀ရရှိခြင်း
လူကြီးမင်း၏အစားအသောက်မီနူးကိုပြီးပြည့်စုံအောင်ပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းတိုးတက်ရေးအတွက်အပတ်စဥ်အစီရင်ခံစာများပို့ပေးခြင်းများမှစပြီးလုပ်ဆောင်မှုအဆင့်တိုင်းအတွက်ကျွန်ုပ်တို့အနေဖြင့်ကူညီပေးဖို့အဆင်သင့်ရှိပါတယ်။
အချိန်မရွေး ညှိနှိုးဆောင်ရွက်နိုင်ခြင်း
အလွန်အလုပ်များနေသည့်အချိန်များမှာအော်ဒါကိုခေတ္တရပ်ထားနိုင်ပါတယ်။ လူကြီးမင်း၏အစားအသောက်ချစ်သူတွေအတွက်ဘယ်ကာလမှာချက်ပြုတ်ပေးမယ် ဘယ်ကာလမှာအနားယူမယ်ဆိုတာကိုလစဥ်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။
ဘယ်လိုလုပ်ဆောင်သလဲ?
စားသုံးသူက အက်ပ် သို့မဟုတ် ဝက်ဘ်ဆိုက်မှတဆင့် ပို့ဆောင်ရန် လိပ်စာကို ဖြည့်သွင်းပြီး အနီးနားရှိ စားသောက်ဆိုင်ကို ရွေးချယ်နိုင်ပါတယ်။
စားသောက်ဆိုင်မှ ကျွန်ုပ်တို့စီစဥ်ပေးထားသည့်တက်ဘလက်ဖြင့် အော်ဒါကိုလက်ခံကာ လာယူမည့်အချိန် အတိအကျအတွက် အစားအသောက်များကို စတင်ပြင်ဆင်ပေးရပါမယ်။
စားသုံးသူထံသို့အော်ဒါတင်ပြီး မိနစ် ၃ဝအတွင်းပို့ဆောင်ပေးနိုင်ရန်ကျွန်ုပ်တို့၏ ပို့ဆောင်ပေးမည့်သူမှအချိန်မှန် လာရောက်ယူဆောင်ပေးမှာဖြစ်ပါတယ်။
foodpanda မှ လူကြီးမင်း၏လစဉ် အော်ဒါအစီရင်ခံစာများကိုပေးပို့ပေးပြီး လူကြီးမင်း၏လုပ်ငန်းတိုးတက်မှုအတွက်အကြံဉာဏ်များကိုပံ့ပိုးပေးပါတယ်။
ကျွန်ုပ်တို့နှင့်စတင်လက်တွဲလုပ်ဆောင်နိုင်ရန်အဆင့်များ
အဆင့် ၁ -
အွန်လိုင်းတွင် စာရင်းသွင်းပါ။
အဆင့် ၂ - ခွင့်ပြုချက်အဆင့်အတွက်စောင့်ပေးပါ။
အဆင့် ၃ - foodpanda မှ စာချုပ်ပို့ပေးပါမည်။
အဆင့် ၄ - စာချုပ်တွင်သဘောသူလက်မှတ်ထိုးခြင်း
အဆင့် ၅ - သင့်မီနူးအား အစမ်းကြည့်ရှုနိုင်ပါပြီ
အဆင့် ၆ - foodpanda မှစီစဥ်ပေးသော ပစ္စည်းများကိုလက်ခံရယူပါ။
အဆင့် ၇ -
ဖုန်းဖြင့် သင်တန်းပေးခြင်းကို ရယူပါ။
အဆင့် ၈ - လူကြီးမင်း၏စားသောက်ဆိုင်ကို foodpanda တွင် တင်ပြီးပါပြီ။